Window Activate File

 Window Activate File

1. Digital Online Activation and KMS 2038 For All Windows and Office

https://www.mediafire.com/file/8j4fmqnfa411kmc/Digital_Online_Activation_and_KMS_2038_For_All_Windows_and_Office.zip/file


2. Dism++10.1.1001.10

https://www.mediafire.com/file/8hkvlntevlx02jc/Dism%252B%252B10.1.1001.10.rar/file


3. Virus Clean Windows and Office All Version Digital Activator

https://www.mediafire.com/file/5k0wby49hhyxs4b/Virus_Clean_Windows_and_Office_All_Version_Digital_Activator.zip/file


4. Windows & Office License Backupper

https://www.mediafire.com/file/46rzx0nce9jriwa/Windows_%2526_Office_License_Backupper.rar/file




𝙒𝙞𝙣𝙙𝙤𝙬𝙨 & 𝙊𝙛𝙛𝙞𝙘𝙚 𝙇𝙞𝙘𝙚𝙣𝙨𝙚 𝘽𝙖𝙘𝙠𝙪𝙥𝙥𝙚𝙧 နှင့်

  >>> တရားဝင်လိုင်စင် အခမဲ့ဝင်ကြမယ် <<< 

        တစ်လောလေးက ဟိုသည်ကြည့်ရင်း နိုင်ငံခြား IT ဂရုလေးတစ်ခုကိုဝင်ကြည့်မိတော့ အတော်ကိုအံ့အားသင့်သွားရတယ်... ဘာကြောင့်လည်းဆိုရင် ပထမဆုံး ဂရုမဝင်ခင် Group rule က ဒီဂရုမှာ Crack/ patch နဲ့ Activator တွေအကြောင်းလုံးဝမဆွေးနွေးရ... တွေ့ရှိက ဘလော့ခံရမည်... လူတိုင်းတရားဝင်လိုင်စင်သုံးနိုင်စေဖို့ တတ်နိုင်သူက တတ်နိုင်သလိုကူညီပေးရမည်တဲ့...

        ထိပ်ဆုံး Rule ကတင်ကြက်သီးထသွားစေတယ်... ဂရုဝင်ခွင့်ရပြီး ဂရုထဲလှည့်ပတ်ကြည့်မယ်လုပ်တော့ နောက်တစ်ချက်က ဂရုကို Topic လေးတွေခွဲတင်ပေးထားတာကို သတိထားမိတယ်... Topic ခွဲထားပြီး ပိုစ့်တင်သူတွေကလည်း စည်းစနစ်တကျ သက်ဆိုင်ရာ Topic အလိုက်တင်ကြတာဆိုတော့ ကိုယ်ကအခက်ခဲတစ်ခုခုရှိရင် Topic အလိုက်သက်ဆိုင်ရာ Topic လေးကိုနှိပ်တာနဲ့ ကိုယ်ဖြစ်နေတဲ့ပြဿနာတွေတန်းစီကျလာပြီး အာ့မှာဘယ်လိုဖြေရှင်းထားလည်းဆိုတဲ့မန့်လေးတွေလိုက်ဖတ်ရုံပဲ... သဘောကျမိပြန်ကော.....

      ဟိုသည်ကြည့်ရင်း Activation Topic ထဲဝင်တော့ လိုင်စင်မရှိသေးတဲ့လူတွေက သူတို့ရဲ့ windows & office တွေကို လိုင်စင်ဝင်ပေးကြဖို့ ကူညီပါဆိုပြီးပိုစ့်လေးတွေတင်ကြတယ်... အောက်မှာ လုပ်ပေးနိုင်သူတွေက Chat Box ကိုလာပါဆိုပြီး လုပ်ပေးကြတယ်.... အဆင်ပြေသွားရင် အဆင်ပြေကြောင်း SS လေးတွေပြန်မန့်ပြပြီး 𝙒𝙞𝙣𝙙𝙤𝙬𝙨 & 𝙊𝙛𝙛𝙞𝙘𝙚 𝙇𝙞𝙘𝙚𝙣𝙨𝙚 𝘽𝙖𝙘𝙠𝙪𝙥 လုပ်ဖို့တိုက်တွန်းပြီး လိုအပ်တာတွေပြင်ဆင်ဖို့လင့်လေးချပေးတယ်... ပြီးတာနဲ့ comment ကိုပိတ်ခိုင်းတယ်... 

        ဆိုတော့ဂရုလေးကသန့်ရှင်းတယ်... ကဏ္ဍတစ်ခုစီခွဲထားတာမို့ အရေးကြုံရင်သက်ဆိုင်ရာကဏ္ဍအလိုက်အလွယ်ရှာလို့ရတယ်... သူတို့တစ်နိုင်ငံလုံး Office & windows အပြင် IDM တွေ Antivirus တွေကို ဝယ်စရာမလိုပဲ တရားဝင်လိုင်စင်တွေနဲ့သုံးနိုင်ကြတယ်... 

        ကျွန်တော်တို့နိုင်ငံမှာတော့ လိုင်စင်ကဘာအရေးကြီးလို့လည်းလို့ ပြောစရာဖြစ်နေမှာပါပဲ... No copy right law လေ... KMS Pico တွေသုံးမှာပေါ့... Crack တွေသုံးမှာပေါ့လို့အလွယ်တွေးနေကြလိမ့်မယ်... အာ့လိုသုံးတာတွေက တရားမဝင်သလို လုံခြုံမှုလည်းမရှိပါဘူး... KMS Pico တွေဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို ရှင်းပြထားပြီးစိတ်ချရသလောက်ရှိတဲ့ Activator လေးတွေတစ်ခါတင်ပေးဖူးပါ​သေးတယ်... https://www.facebook.com/groups/askforcomputertechnology/permalink/1686839434812367

        အာ့လို Crack တွေ Activator တွေသုံးချင်းဖြင့် ကျွန်တော်တို့က Product ရဲ့ feature အပြည့်အစုံသုံးလို့ရချင်မှရပါလိမ့်မယ်... ဥပမာ windows ကို MS account မတွဲရဲတာမျိုးတွေ... MS Acc မတွဲတော့ MS Store ဝင်မရတာတွေ... Office ကိုအကောင့်ချိတ်မိတာနဲ့ လိုင်စင်ပြုတ်ကျလို့ Office ဖြုတ်ချပြီး အသစ်ပြန်တင်တာတောင် လိုင်စင်ပြန်ဝင်မရဖြစ်တာမျိုးတွေ ကြုံဖူးကျမယ်ထင်ပါတယ်... 

      တရားဝင်လိုင်စင်သုံးရင်ဖြင့် MS Account တွေချိတ်လို့ရမယ်... Store တွေသုံးလို့ရမယ်... Office တွေလည်း မိမိနှစ်သက်ရာ Template တွေ Update တွေရမယ်... One Drive တွေချိတ်ဆက်လို့ရပြီး မိမိ Document တွေကို cloud မှာသိမ်းဆည်းနိုင်မယ်... ဘာမှမပူပင်ရပဲ အဆင်ပြေပြေသုံးနိုင်ပါမယ်...

        Windows ဆိုရင်လည်း တရားဝင် Digital License ဖြစ်တာမို့ ရာသက်ပန်လိုင်စင်သုံးလို့ရမယ်... Digital License ကို ကိုယ့်ရဲ့ MS Acc နဲ့ချိတ်ဆက်ထားရင် ကိုယ့်ရဲ့လက်ရှိစက်ပျက်လို့ တစ်ခြားစက်အသစ်ပြောင်းရင်၊ Device သုံးလေးခုခွဲသုံးရင်တောင် License transfer လုပ်လို့ရမယ်... Windows ကျသွားလို့ အသစ်ပြန်တင်ရင်တောင် Same Edition ဆိုရင် နက်ချိတ်တာနဲ့ လိုင်စင်အော်တိုရနေမယ် စတဲ့အကျိုးကျေးဇူးတွေရပါတယ်...

        အာ့တော့ဆုံးဖြတ်ချက်ချလိုက်မိတယ်... ငါလည်းတတ်နိုင်သလောက် ကိုယ့်နိုင်ငံသားတွေ တရားဝင်လိုင်စင်သုံးလို့ရအောင် စွမ်းဆောင်ပေးမယ်ဆိုပြီးပေါ့... လေးည ငါးရက်တိတိ PC ​ရှေ့ကမခွာတမ်း လေ့လာလိုက်တာ ခုတော့လိုချင်တဲ့ Result ရပြီထင်ပါတယ်... အာ့တော့ မိမိတို့ရဲ့ Windows & Office တွေကိုတရားဝင်လိုင်စင်ဖြင့်သုံးချင်သူတွေ အခမဲ့လိုင်စင်ဝင်ပေးပါမယ်... မိတ်ဆွေတို့ဘက်ကလုပ်ပေးရမှာက Anydesk/ Teamviewer စတဲ့ Remote desktop Software တစ်ခုခုထည့်သွင်းပြီး လိုင်းကောင်းကောင်းနဲ့ Net ချိတ်ပေးထားဖို့ပါပဲ...

           တရားဝင်လိုင်စင်ရှိပြီးသားသူများလည်း ကိုယ့်လိုင်စင်ကို Bakup လုပ်ထားခြင်းဖြင့် အချိန်မရွေးလိုင်စင် Restore လုပ်နိုင်ရန် Backupper နှစ်ခုတင်ပေးလိုက်ပါတယ်...နှစ်မျိုးလုံးနဲ့ Backup လုပ်ထားပါ... Restore ချိန်မှာတစ်ခုမရတစ်ခု  အဆင်ပြေအောင်ပါ...  နားလည်လွယ်အောင် မြန်မာ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ အညွှန်းလေးထည့်ပေးထားပါတယ်...

Post a Comment

0 Comments